ဆောင်းပါး

အမေရိကန်ပြည်ထောင်စုမှ မိဘများ သားသမီးကို ယခင်ခေတ်ထက် ပိုမိုစောင့်ကြည့်ထိန်းချုပ်လာ

ယနေ့ခေတ်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ လူနေမှုစနစ်၊ လူမှုရေး၊  စီးပွားရေးစနစ်များ ကျယ်ဝန်းရှုပ်ထွေးလာသည့်အလျောက် လူငယ်လူရွယ်များလမ်းမှားသို့ ရောက်ကာ ပျက်စီးနေကြမည်ဟု အမေရိကန်လူမျိုးရေးစိတ် ပညာရှင်များက ထောက်ပြသည်။

အကျင့်ပျက်ပြီး ကိုယ်ကျင့်တရား အားနည်းဖောက်ပြန်လျက်ရှိသည့် လူငယ်လူရွယ်များ တိုးပွားလာရသည့် အဓိကအကြောင်းအရင်းမှာ မိဘများ၏ ထိန်းကျေင်းဆုံးမသွန်သင်မှု ညံ့ဖျင်းသောကြောင့်သာ ဖြစ်သည်ဟု ၄င်းတို့အနက်မှ ပညာရှင်အချို့က ဝေဖန်သုံးသပ်သည်။

ယခုနောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုရှိ အလယ်၊ အလတ်တန်စားပညာတတ် မိသားစုရှိများရှိ  မိဘများသည် သားသမီးများ မလိုလားအပ်ဘဲ ဆိုးသွမ်းမည့်အရေးကို ကြိုတင်တားဆီးလိုသဖြင့် ယခင်ခေတ်က မိဘမျာထက်ပို၍ ကြပ်မတ်စောင့်ကြည့်ထိန်းချုပ်လာကြသည်။

ဟယ်လီကော့ပတာမိဘများဟူသော ဝေါဟာရဖြင့် သရော်ခံရသည်အထိ စည်းကမ်းတင်းကျပ်လွန်းသဖြင့် ကလေးများအရွယ်ရောက်လာလျှင် ပညာထူးချွန်ပြီး အလုပ်အကိုင်ကောင်းကောင်းရနိုင်မည့်ရလဒ်ကို မငြင်းနိုင်ကြောင်း အနောက်မြောက်တက္ကသိုလ်မှ ဘောဂဗေဒပါမောက္ခဒေါက်တာပတ်သီယတ်စ်ဒိုးကေ က ထောက်ခံပြောကြားသည်။

သို့ရာတွင် ထိုမိဘများနှင့် သာမန်မိဘများအကြား ဆက်ဆံရေးနှင့် သဘောထားအမြင်ကွာဟမှုပမာဏ ကြီးမားလာနိုင်သည်ဟု ၄င်းကထောက်ပြထားသည်။

ကြော်ငြာစာ

ကြော်ငြာစာ

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ အကွက်အမှတ် (၂၈၆)၊ ဦးပိုင်အမှတ်(၁-ဒ/၁)၊ ၃၅လမ်းနှင့် ၃၆လမ်းကြား၊ ၈၆လမ်းနှင့်၈၇လမ်းကြားရှိ ဘိုးဘမြေကွက် အမည်ပေါက်သူ ဒေါ်မြင့်မြင့်စန်း (၉/မနတ(နိုင်) ၀၁၂၆၈၄)က မြေးများဖြစ်သည့် မောင်ဘုန်းမာန်သွေး၊ မောင်သစ်ညီသွေး၊ မောင်လင်းကာရံ၊ မောင်လင်းဘုန်းမြတ်တို့အား ပေးကမ်းမည်ဖြစ်ပါသဖြင့် ဘိုးဘအမည်ပေါက်မြေပုံတင်ပြ၍ အပေးစာချုပ်ချုပ်ဆိုရန်အတွက်မြေပုံ၊ မြေရာဇ၀င်ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

ဌာနမှူး၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ။

ကဗျာ

မေတ္တာပန်း

လူဟာ

ရပ်နေစဉ်မှာ

ကျန်းမာပါစေ

မေတ္တာဝေလျှင် ။

သွားနေစဉ်မှာ

ချမ်းသာပါစေ

မေတ္တာဝေလျှင် ။

ထိုင်နေစဉ်မှာ

ဘေးကင်းပါစေ

မေတ္တာဝေလျှင် ။

အိပ်နေစဉ်မှာ

အောင်မြင်ပါစေ

မေတ္တာဝေလျှင် ။

သူလျှောက်သောလမ်း

မေတ္တာပန်းခိုင်

မွှေးလို့ကြိုင်လို့ ပွင့်မည်ကို ။

တို့မြေ တို့ရွာ

တို့ကမ္ဘာမှာ

မေတ္တာပန်းများ ပွင့်စေသတည်း ။

မွှေးလို့ ကြိုင်လို့ လန်းစေသတည်း ။      ။

မြတ်ထေရ်ကျော်

ကဗျာ

လောကရဲ့သဘာဝ

လောကရဲ့ သဘာဝ

မယူလိုက ရ

မပေးလိုက ကုန်

စေတနာ အစုန်အဆန်ဆိုတာ

တကယ်ပဲ ရှိပါတယ် ။

ဖြူချင်ယောင်ဆောင်ပြီး ဖွေးနေကြတဲ့

လူတွေရဲ့ အကြောင်း

တစ်ကြောင်းနှစ်ကြောင်း သိလာရတဲ့အခါ

သံသရာကို မြင်ယောင်လာတယ် ။

ဒီဘ၀ကစ ထွက်ခွာလာတာနဲ့

အ၀ိုင်းပတ် ကရွတ်ကင်း လျှောက်ကြရမှာပဲလေ

မကြောက်ရင်လုပ်ပေါ့ ။

နောက်တစ်ခုက ကျိန်စာ

ကျိန်စာဆိုတာကို အယုံအကြည်မရှိပေမယ့်

သစ္စာဆိုကြတာကိုတော့ ယုံတယ်

အမှန်တရားတစ်ခုကို သိသိနဲ့ဘူးခံနေသူများအတွက်

ကိုယ်ကတော့ သစ္စာဆိုပါတယ်လို့

စေတနာ ကံ ဘိက္ခဝေ

ပြီးတော့ ၀ဋ်

ဆင်ခြင်ကြည့်ရင်း – – -။      ။

အေးမြနု

ကဗျာ

ဆရာအိုတို့ အိမ်ပြန်ချိန်

မြေဖြူလည်းတို ဆရာအိုတို့

အိမ်ကိုပြန်တော့မည်- – ။

ငယ်ရွယ်စဉ်ကား ဆရာမှာကား

ဝါသနာ – – အနစ်နာ – – စေတနာပြင်

ကရုဏာပါ ရောထွေးကာနှင့်

ကျောသားရင်သား မခွဲခြားဘဲ

မစားမချန် သင်ခဲ့သည်။

ယခုချိန်ခါ ဆရာမှာကား

သက်ကားခြောက်ဆယ် ပြည့်ပြီရယ်မို့

သက်ပြည့်ပင်စင်ယူကြပြီ။

အို —– ဆရာ

ဆရာသင်ကြား စာပေများကြောင့်

တပည့်တွေမှာ ပညာရဲရင့်

ပွဲလယ်တင့်ခဲ့ပြီ ။

အို —— ဆရာ

ဆရာစေတနာ —- အနစ်နာနဲ့

ဆရာမေတ္တာ —– ကရုဏာကို

မြေဖြူလေးက သက်သေတည် ။

အို —— ဆရာ

ဆရာတို့မှာ တပြည့်မရှား

တစ်ပြားမရှိ ပီတိတွေစား

အားတွေရှိတဲ့ ငါတို့ဆရာ

မြတ်ဆရာကို ခါခါဦးနှိမ်ချပါ၏ ။     ။

ဆရာညီ(တကောင်း)

ကဗျာ

ငြိမ်းချမ်းရေး ချိုးငှက်

ငြိမ်းချမ်းရေး ချိုးငှက်

ဆက်လက်ရှင်သန်

ဝေလင်ထဲပျံ

မြေပြင်လည်း မနား

တောင်ဖျား၊ မြောက်ဖျား တစ်နံတစ်လျား

အနောက်၊ အရှေ့မကျန်

အားခဲပြီးပျံ။

မြန်မာနိုင်ငံ

ငြိမ်းချမ်းရေးပန်းခိုင်

လှမ်းကိုင်နိုင်မှ

သူပျံတာ နားလိမ့်မယ်

အားပေးစို့ကွယ်။          ။

မာမီဒေါ်ခင်နွယ်ကြည်

ကဗျာ

ကောက်စိုက်ချိန်

လင်းကြက်တွန် ရောင်နီဝင်း

မှောင်ရီကင်း တလင်းဆီ ။

ဦးတောင်သူ လုပ်အားပြ

ကောက်စိုက်လေပြီ ။

နှင်းငွေမှုန်ရီ

ရောင်နီဆင် အရုဏ်ဦး ။

တေးထပ်ကာ

ဘေးဘက်မှာ တွန်သံကျူးလို့

ကျေးငှက်တို့မြူး ။

မွန်းတည့်ချိန် နေရောင်ပြင်း

ထမင်းစား အနားယူ ။

ဦးတောင်သူ တစ်မှေးအိပ်

လောင်းရိပ်ထူထူ ။

နေမင်းကပူ

တိမ်မြူက ကင်း ။

တလင်းပြင် နေရောင်အောက်မှာ

ကောက်နံ့ထုံသင်း ။

နေ၀င်ချိန် မြောက်လေသွေး

ကောက်နှံမွှေး ၀င်းဝင်းဝါ ။

ဦးတောင်သူ လေအဝှေ့

ကောက်လှေ့နေရှာ ။

လမင်းသာသာ

ညအခါ ကောက်ကျန်ဆွ ။

တလင်းအို

သီချင်းဆို ကောက်နှံထွေးလို့

နွေးတဲ့ဘ၀ ။       ။

ကန်ညီနောင်မောင်ရွှေဗျိုင်း

ကဗျာ

ကျောဘက်က စာမျက်နှာ

ကနုကမာ

ရင်လွှာကိုခွဲ၊ အသည်းကိုယူ

ပုလဲဖြူဟု၊ လူတို့ဆင်မြန်း

ပြုံးရွှင်လန်းစဉ် ။

လူလို့လည်တိုင်

အလှပြိုင်စဉ် ။

ကနုကမာ

မရူသာတော့

သူ့ရင်လွှာထဲ၊ သွေးနီရဲ၍

အသည်းမဲ့ကင်း၊ ရင်ဟင်းလင်းနှင့်

ငိုချင်းချရ၊ သူ့ဘ၀အား

လောကလူတွေ သိပါစေ ။      ။

ဌေးကြည် (စလင်း)

ကြော်ငြာစာ

ကြော်ငြာစာ

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာစည်ရပ်ကွက်၊ အကွက်အမှတ်(၉၀၆-ဃ/၄၁၀)၊ ဦးပိုင်အမှတ်(၅၄)၊ ရန်ကုန်-မန္တလေးလမ်းအနောက်ဘက်ရှိ ဂရန်မြေကွက်အမည်ပေါက်သော ခင်ပွန်းဖြစ်သူ ဦးစိုးလွင် ကွယ်လွန်သဖြင့် အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်အမှတ်(၁၉၂၀/၂၀၁၈)ဖြင့် အမွေဆက်ခံခဲ့သော ဇနီးဖြစ်သူ ဒေါ်စိန်ညို (၁၃/တကန(နိုင်)၀၉၉၃၅၅)က အမှုတွဲအမှတ်၊ ၁၇၆၈/၂၀၁၈-၂၀၁၉ဖြင့် သက်တမ်းတိုး၊ အမည်ပြောင်း လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

ဌာနမှူး၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

ကြော်ငြာစာ

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ အကွက်အမှတ် ၄၁၃-က/ အပိုင်း(၅)၊ ဦးပိုင်အမှတ် (၄၈)၊ ၃၆လမ်းနှင့် ၃၇လမ်းကြား၊ ၆၉လမ်းနှင့် ငွေတချောင်းမြောင်းကြားရှိ ဂရန်မြေကွက်အမည်ပေါက်သူ ဒေါ်အေး  ကြည်  (၁၃/နမတ(နိုင်)၀၃၁၂၀၉) က မောင်များဖြစ်သော ဦးကျော်ကျော်ဦးနှင့် ဦးမျိုးမြင့်တို့အား ပေးကမ်းမည်ဖြစ်ပါသဖြင့် ဂရန်စာချုပ်တင်ပြ၍ အပေးစာချုပ်ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇ၀င်ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်ထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

ဌာနမှူး၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ။