ကဗျာ

ဆရာအိုတို့ အိမ်ပြန်ချိန်

မြေဖြူလည်းတို ဆရာအိုတို့

အိမ်ကိုပြန်တော့မည်- – ။

ငယ်ရွယ်စဉ်ကား ဆရာမှာကား

ဝါသနာ – – အနစ်နာ – – စေတနာပြင်

ကရုဏာပါ ရောထွေးကာနှင့်

ကျောသားရင်သား မခွဲခြားဘဲ

မစားမချန် သင်ခဲ့သည်။

ယခုချိန်ခါ ဆရာမှာကား

သက်ကားခြောက်ဆယ် ပြည့်ပြီရယ်မို့

သက်ပြည့်ပင်စင်ယူကြပြီ။

အို —– ဆရာ

ဆရာသင်ကြား စာပေများကြောင့်

တပည့်တွေမှာ ပညာရဲရင့်

ပွဲလယ်တင့်ခဲ့ပြီ ။

အို —— ဆရာ

ဆရာစေတနာ —- အနစ်နာနဲ့

ဆရာမေတ္တာ —– ကရုဏာကို

မြေဖြူလေးက သက်သေတည် ။

အို —— ဆရာ

ဆရာတို့မှာ တပြည့်မရှား

တစ်ပြားမရှိ ပီတိတွေစား

အားတွေရှိတဲ့ ငါတို့ဆရာ

မြတ်ဆရာကို ခါခါဦးနှိမ်ချပါ၏ ။     ။

ဆရာညီ(တကောင်း)

Leave a Reply

Your email address will not be published. Required fields are marked *