ဗဟုသုတ

ဟိုက်ဒြိုဂျင်စွမ်းအင်သုံး မီးရထားများ တီထွင်စမ်းသပ်၊ လာမည့် နှစ်နှစ်ခန့်အတွင်း ထုတ်လုပ်နိုင်တော့မည်

ဟိုက်ဒြိုဂျင်စွမ်းအင်သုံး မီးရထားများကို ဗြိတိန်နိုင်ငံမှ သိပ္ပံပညာရှင်များ တီထွင်စမ်းသပ်လျက်ရှိရာ လာမည့် နှစ်နှစ် ခန့်အတွင်း လိုသလောက် ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း ဗြိတိသျှတီထွင်ပညာရှင်တစ်ဦးက ထုတ်ဖော်ပြော ကြားသည်။

ဟိုက်ဒြိုဂျင်စွမ်းအင်ဆဲလ်များ အဓိကအသုံးပြု၍ လျှပ်စစ်ဓာတ်ထုတ်လုပ်ကာ မော်တာကို လည်ပတ်စေပြီး ထိုမီးရထားများကို ရွေ့လျားစေမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဟိုက်ဒြိုဂျင်နှင့် လေထဲရှိ အောက်ဆီဂျင်ဓာတ်ငွေ့ နှစ်ခုပေါင်းစပ်မိရာမှ ရေနွေးငွေ့နှင့် ရေတို့ကိုသာ ပေါ်ထွက်လာစေမည်ဖြစ်ရာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု လုံးဝကင်းရှင်းမည်ဟုဆိုသည်။

၁၉၈၈ခုနှစ်က ဗြိတိသျှမီးရထားဌာန၏ ကြီးကြပ်မှုဖြင့် လျှပ်စစ်မီးရထားများထုတ်လုပ်ပြီး လက်တွေ့စမ်းသပ်ပြေးဆွဲခဲ့ဖူးသော်လည်း ခရီးသည်များအကြား လူသိနည်းခဲ့သဖြင့် ထပ်မံထုတ်လုပ်ခြင်းမရှိတော့်ဘဲ အစီအစဉ်ရပ်ဆိုင်းသွားခဲ့သည်ဟု ယင်းဌာန၏ ပြောခွင့်ရသူက ထုတ်ဖော်ပြောကြားသည်။ တစ်နာရီလျှင် ၈၇မိုင်နှုန်းဖြင့် မောင်းနှင်နိုင်မည်ဆိုသော အဆိုပါ ဟိုက်ဒြိုဂျင်စွမ်းအင်သုံးခရီးသည်တင် မီးရထားအစင်းရေ ၁၀၀ ကို ၂၀၂၁ခုနှစ် စောစောပိုင်းတွင် ဗြိတိန်နိုင်ငံ၌ ထုတ်လုပ်အသုံးပြုသွားမည်ဖြစ်ကြောင်း အဆိုပါ ပြောခွင့်ရသူက ဆက်လက်ရှင်းလင်းပြောကြားသည်။

MT

 

Leave a Reply

Your email address will not be published. Required fields are marked *