ကဗျာ

တင်မိုး

❇ ရိုးသားဖြူစင်ခြင်း
တိုင်းပြည်ချစ်စိတ်နဲ့ သူ့ အနုပညာ
နောက်ပြီး
ချစ်မေတ္တာတရားက လွဲလို့
သူ့အပေါ် ဘာမှ အတင်မခံခဲ့။
❇ မိုးလိုရွာသွန်းခဲ့
မိုးလို အေးမြစေခဲ့
မိုးလိုပဲ အနားကို အကျိုးပြုခဲ့
အဲတာကြောင့် သူ့နာမည် တင်မိုး
သူ့နာမည် တင်မိုး
သူ့နာမည် တင်မိုး။ ။
မောင်ကြည်သာ(တောင်တွင်း)

Leave a Reply

Your email address will not be published. Required fields are marked *